Mm

MM

Myanmar

sovereign state in Southeast Asia

MM
https://12r.uk/mm/

မြန်မာဘာသာစကား

မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကား။ မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၆သန်းခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။ မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ သို့မဟုတ် ဗြာဟ္မီအက္ခရာမှ ဆက်ခံထားသော မွန်အက္ခရာတို့မှ ဆင်းသက်လာသည်။ https://my.m.wikipedia.org/wiki/မြန်မာဘာသာစကား

12r.tv – 12r.tv/mm